Article
ရွာငံ-သာစည်ကြားရှိ PDF နေရာကို စစ်ကောင်စီကဝင်စီး၊ PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ဖုန်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားဗီဒီယိုတွေ့ဟု သတင်းမှားဖြန့်
သျှမ်းပြည် ရွာငံ-သာစည်ကြားရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကျကျန်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖုန်းအားစစ်ဆေးရာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေသည့် ဗီဒီယိုတွေ့ရှိသည်ဟု သတင်မှားဖြန့်ချိနေလျက်ရှိသည်။ အပြည့်အစုံဖတ်ရှုပါရန် Shan Herald Agency for News
Read More
PDF တွေက ပြည်သူတွေကို စစ်သင်တန်းပေးနေတယ်ဆိုပြီး ကျေးရွာတွေကို တိုက်ခိုက်ဖို့ သတင်းအမှားဖြန့်လှုံ့ဆော်
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဒေသခံပြည်သူတွေကို စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ရေးသားဖြန့်ဝေနေပါတယ်။ အပြည့်အစုံဖတ်ရှုရန် Dawei Watch
Read More
ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအား PNLA မှမီးရှို့ခဲ့ကြောင်း ထုတ်ပြန်စာအတု
သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရန်သူများဆက်ပြီး ထိုးစစ်မဆင်နိုင်ရန် ကျေးရွာအားမီးရှို့ခဲ့သည်ဟု ထုတ်ပြန်စာစောင် အတု ပျံ့နှံ့နေလျှက်ရှိသည်။ ဆက်လက်ဖတ်ရှုပါရန် – Shan Herald Agency for News
Read More
ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှား
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ရေးဘီလူးအဖွဲ့ရဲ့ ခေါင်းဆောင် လုပ်ကြံခံရတယ်လို့ တယ်လီဂရမ်ချန်နယ်တချို့မှာ ဧပြီလ ၂၄ရက် ဖော်ပြခဲ့ကြပါတယ်။ အလှူငွေကိစ္စကြောင့် ရေးဘီလူးအဖွဲ့ရဲ့ ဒုခေါင်းဆောင်က လုပ်ကြံတာဖြစ်နိုင်တယ်လို့လည်း ရေးသားဖော်ြပထားပါတယ်။ အပြည့်အစုံဖတ်ရှုရန် Dawei Watch
Read More
လက်နက်ကြီးထိမှန်သေဆုံးတဲ့ အဘွားအိုကို ထောက်ပို့အဖြစ်ပုံဖော်သတင်းအမှားဖြန့်
လောင်းလုံးမြို့၊ (က) ရပ်ကွက်မှာ ဧပြီလ ၂၅ရက်က လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တဲ့ အသက် ၈၂နှစ်အရွယ် အဘွားအိုဒေါ်ခင်အေးကို PDF ထောက်ပို့အဖြစ် တယ်လီဂရမ်ချန်နယ်တချို့မှာ ရေးသားဖော်ပြကြပါတယ်။ အပြည့်အစုံဖတ်ရှုရန် Dawei Watch
Read More
တန့်ဆည်မှာ စစ်တပ်သတ်ဖြတ်ခဲ့သူတွေရဲ့ ဓာတ်ပုံတွေသုံးပြီး AA ကို လူမျိုးရေးတိုက်ခိုက်ထားတဲ့ သတင်းအမှား
အာရက္ခတပ်တော် AA ဟာ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုပြီး ခေါင်းဖြတ်အသတ်ခံထားရတဲ့ ရုပ်အလောင်းဓာတ်ပုံတချို့နဲ့ လူမျိုးရေးအရဝါဒဖြန့်သွေးထိုးထားတဲ့ အကြောင်းအရာတခု လတ်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အပြည့်အစုံဖတ်ရှုရန် Delta News Agency
Read More
မုံရွာက PDFတပ်ဖွဲ့ဝင်ရုပ်အလောင်း ဓာတ်ပုံသုံးပြီး ရေးဘီလူးကျဆုံးပြီလို့သတင်းမှားဖြန့်
မွန်ပြည်နယ်၊ ရေးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ခေါင်းဆောင် ရေးဘီလူး(ခ) လှိုင်ဝင်း လုပ်ကြံခံရပြီး သေဆုံးသွားပြီဆိုကာ သေဆုံးနေတဲ့ PDF တပ်ဖွဲ့ဝင်တဦးရဲ့နာရေးဓါတ်ပုံနဲ့ သတင်း မှားတခု လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အပြည့်အစုံဖတ်ရှုရန် Delta News Agency
Read More
PNLA ကို အရပ်ဘက်အဖွဲ့ နှစ်ရာနီးပါးက ကန့်ကွက်တယ်ဆိုပြီး ထုတ်ပြန်ချက်အတုသုံးထားတဲ့ သတင်းမှား
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLA ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ လူမှုအဖွဲ့အစည်း ပေါင်း ၁၉၄ ဖွဲ့က ကန့်ကွက်တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ အပြည့်အစုံဖတ်ရှုရန် Delta News Agency
Read More
ကောလင်းမြို့တွင်း သန့်ရှင်းရေးလုပ်နေပြီဆိုပြီး မိုးမိတ်မြို့ကပုံတွေနဲ့ ပုံမှားရိုက်
တော်လှန်ရေးတပ်တွေ လပိုင်းအကြာ ထိန်းချုပ်ထားနိုင်ခဲ့ရာက စစ်ကောင်စီတပ်တွေပြန်လည်ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့တဲ့ ကောလင်းမြို့မှာ မြို့တွင်း သန့်ရှင်းရေးလုပ်ငန်းတွေ ပြန်လုပ်နိုင်နေပြီဆိုတဲ့ ဖော်ပြ ချက်တခု လူမှုကွန်ရက်တွေမှာ လတ်တလောပျံ့နှံ့နေပါတယ်။ အပြည့်အစုံဖတ်ရှုရန် Delta News Agency
Read More
